latest articles

Flash song လုပ်နည်း..

ဘော်ဘော် တို့ အနေနဲ့ ဒီအပိုင်း (၂) နဲ့  (၃) ကို သေချာ ဖတ်ပီး ကြည့်လုပ်ရင် သီချင်းတစ်ပုဒ်
ကောင်းကောင်း လုပ်တတ် သွားမှာပါ။ အခု အပိုင်း (၃) က စာသားထည့်နည်းနဲ့  save လုပ် သိမ်းနည်းပေါ့နော်။
 တစ်ခုတောင်းဆိုချင်တာက  အကုန်လုံးကို ဒီတိုင်းကြည့်ရင် မူးသွားမှာပါ။ အဲဒီတော့ ဆွစ်မက် ဆော့ဝဲ ကို
တစ်ခါတည်း ဖွင့်ပြီး တစ်ဆင့်ချင်း စမ်းလုပ်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ ရှင်းသွားမှာပါ။
   ကဲ စပီနော် ဘော်ဘော် တို့..........
          အပိုင်း (၂) မှာ ပုံအရှင်တွေ ဘတ်တွန် တွေထည့်ပီး သွား ပြီ ဆိုရင်တော့  စာသားထည့် ပြီး save လုပ်
ဖို့ ပဲ ကျန်တော့တာပေါ့။စာသားထည့်မယ်ဆိုရင် အရင်ဆုံး အောက်က ပုံမှာအနီရောင်လေး နဲ့ ၀ိုင်း ပြထားတဲ့
နေရာကို နှိပ်လိုက်ပါ။ အစိမ်းရောင် ဘောင်လေး ခတ်ပြထားသလို ပေါ်လာပါလိမ့်မယ် နော် ။


ပြီးရင်တော့ အောက်မှာ ပြထားသလို play ဘတ်တွန် ကြီး ကို နှိပ်လိုက်ပါမယ် ။ play / stop ဘတ်တွန် ထည့်
ထားတဲ့ အတွက်  ပုံမှာ ပြထားတဲ့ ဘောက် တစ်ခု ကျလာရင် ပိတ်လိုက် ပါ။ပြီးရင် မိမိ ထည့်ထားတဲ့ play
ဘတ်တွန် ကို နှိပ်လိုက် ပါမယ် ။အ၀ါရောင်လေး နဲ့ ၀ိုင်းပြထားတယ်နော် ။

   စာသားထည့်မယ် ဆိုရင် ကောင်းတာကတော့ Office word မှာ စာသားတွေ ရိုက်ထည့်ပြီး ကော်ပီ ယူထည့်
တာ ပို အဆင် ပြေမယ် ထင်ပါတယ် ။အောက်မှာ ပြထားပါတယ် ။
အပေါ်က အ၀ါနဲ့ ၀ိုင်းပြထားတဲ့  play ဘတ်တွန် ကို နှိပ်လိုက်ပြီးရင်တော့ အောက် မှာ အနီရောင် ဘောင်နဲ့
ခတ်ထားတဲ့ နေရာကို သေချာ ကြည့်ရအောင်နော် ။
အောက်မှာ အစိမ်းရောင် လေးတွေ နဲ့ ၀ိုင်းပြထားတဲ့ နံပါတ်တွေ timeline မှာ ရှိပါတယ် ။အနီရောင် ၀ိုင်းထားတဲ့
play button ကိုနှိပ်လိုက်ရင် အပြာရောင် နဲ့ ၀ိုင်းပြ ထားတဲ့ အနီရောင် အတုံးလေး ပြေးသွားပါလိမ့်မယ်။
သီချင်းဆုံးတဲ့ အထိပေါ့။ သူပြေးသွားတဲ့ ဆီကို  အောက်မှာ အနက်ရောင် နဲ့ ၀ိုင်းပြထားတဲ့ slide bar လေးနဲ့
လိုက်ရပါမယ် ။ အဲမှာ သီချင်း အဆိုဝင်တဲ့နေရာ ကို နံပါတ်ကလေး အကြမ်းဖျင်း မှတ်ထားပီး သီချင်းကို play
လုပ်တာ ရပ်လိုက်ပါမယ်။

ချစ်ဦး ပုံပြင် သီချင်းမှာဆိုရင် 250 နားမှာ အဆိုဝင် ပါတယ် အောက် မှာ ပြထားပါတယ်နော်။

ဒါဆို ရင် အဲဒီ 250 နားမှာ စာသားထည့်ရအောင်နော် ။အရင်ဆုံး Office word မှာရိုက်ထားတဲ့ စာသားကို
ကော်ပီယူထားလိုက်ပါ။နောက်
အောက်က ပုံမှာ အနီရောင် နဲ့ ၀ိုင်းပြထားတဲ့ T ပုံစံလေးကို ယူပီး မိမိ စာသားထည့်ချင်တဲ့ နေရာ မှာ ကလစ်
ချလိုက်ပါ။ပြီးရင် ညာကလစ်ထောက်ပီး Paste ကို နှိပ်လိုက်ပါ။ညာဘက်မှာလဲ Text ဆိုတာလေး ပေါ်လာတာကို
လဲ အပြာရောင် ဘောင်လေး ခတ်ပြထားပါတယ်။


အောက် က ပုံအတိုင်း စာသားရောက်သွားရင် effect ထည့်ရပါမယ်။ effect  ထည့်ဖို့ တွက် စာသားထည့်
ထားတဲ့ text လိုင်းလေး ကိုအောက်က ပုံမှာပြထားပါတယ်။  အပေါ်က မှတ်ထားခဲ့တဲ့ 250 နား မှာ ကလစ်
ထောက် ညာကလစ်နှိပ်ပီး  effect ထည့်ပါမယ်။ ထုပ်ထုပ် ထည့်တာတော့ အောက်မှာ ပြထားတဲ့ အတိုင်း
Appear into position ကိုနှိပ်ပါမယ်။
ပြီးရင် အဲဒီ ထဲက မှ 3D Spin and grow ကို ရွေးလိုက်ပါမယ်။ အောက်က ပုံအတိုင်းပေါ့နော်။

effect ထည့်ပြီးသွားရင်တော့ အောက်က ပုံအတိုင်း အပြာရောင် effect လိုင်းလေးပေါ်လာပါမယ်။အဲဒီအပြာရောင်
effect လိုင်းလေးကို ကလစ်ထောက်ရုံ ထောက်ပြီး အနီရောင်လေးနဲ့ ၀ိုင်းပြထားတာကို နှိပ်လိုက်ပါမယ်။ အနီရောင်လေးနဲ့
ဝိုင်းပြထားတာ ကတော့ effect တစ်ခုထဲတင်  Play သီးသန့်လုပ်တာပါ။
စာသား အ၀င် အထွက်ကို လိုသလို ကိုက်အောင် ချိန်ရပါမယ်။ အဲလို ချိန်ဖို့တွက် အပြာရောင် effect လိုင်းလေး
ညာ အစွန် ပဲဖြစ်ဖြစ် ဘယ်အစွန်ကိုပဲ ဖြစ်ဖြစ် ထောက်လိုက်ရင် အခု အနီရောင်လေးနဲ့ ပြထားတဲ့ 
နှစ်ဖက်ခေါင်းပါတဲ့ မြှား လေးကို အနက်ရောင် အနေနဲ့ တွေ့ရပါမယ်။ အောက်မှာ ၀ိုင်းပြထားပါတယ် ။ စာသား
အတို အရှည် ပေါ်မူတည်ပြီးတော့ အပြာရောင် effect လိုင်းလေး ကိုလဲ အတိုအရှည် ချိန်ပါ့မယ်။

မိမိ ထည့်တဲ့ အပြာရောင် effect လိုင်းလေးဟာ စိတ်တိုင်းကျဖြစ်ပြီ အ၀င်အထွက် ကိုက်သွားပြီဆိုရင်တော့ 
စာသားမှာ ကာလာရှိတ်လေး ထည့်ရအောင်နော်။ကာလာရှိတ်ထည့် ဖို့အတွက် ပုံရဲ့ (ဆွစ်ဆော့ဝဲရဲ့) ညာဘက်
အောက် နားလေး ကို သွားကြည့်ရအောင်နော်။

  အောက်မှာ ပြထားတဲ့ အတိုင်း 1 က effect ကို နှိပ်လိုက်ပါ။ ပြီးရင် 2 က filter ကို အမှန်ခြစ် ပေးလိုက်ပါ။
3 က အပြာရောင်ဘောင်ခတ်ထားတဲ့ filter ကို နှိပ်လိုက်ပါ။

အဲဒါ လေးတွေ လုပ်ပြီးသွားရင်တော့ custom ဆိုတာ ရဲ့ အောက်နားက အစိမ်းရောင် + ပုံလေး ကို နှိပ်လိုက်ပါမယ်။
အောက်ပုံမှာ ၀ိုင်းပြထားပါတယ်။
နှိပ်ပီးသွားရင် အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း ကျလာမှာပါ။ အဲဒီထဲကမှ drop shadow ကိုကလစ်ထောက်ပါ။
အဲဒီက မှ blur 4 ကိုရွေးလိုက်ပါ။အစိမ်းရောင် နဲ့ ၀ိုင်းပြထားပါတယ်။ရွေးပီးသွားရင် အောက်က ပုံမှာ ပြတဲ့တိုင်း
ပေါ်လာပါလိမ့်မယ် ။ အနက် ရောင် လေး အကွက်၂ ကွက် တွေ့ရမှာပါ။အဲဒီမှာ တစ်ကွက်ချင်းစီ ကို နှိပ်ပီး
မိမိ ထည့်လိုတဲ့ အရောင်ကို ရွေးလိုက်ပါ။

ချစ်ဦးပုံပြင် မှာ တော့ အစိမ်းရောင်လေးကို ရွေးလိုက်ပါတယ်။
အောက်က ပုံအတိုင်း ၂ ခု လုံးပြောင်းပီးသွားရင်တော့ ရပါပြီ။

Effect ပေါ်မပေါ် အောက်က ပုံမှာ အနီရောင်လေး ကိုဝိုင်းထားတာ နဲ့ နှိပ်ပြီး စမ်းကြည့်လိုက်ပါဦးမယ်။
အပေါ်မှာ အနီရောင် နဲ့ ၀ိုင်းပြထားသလို အစိမ်းရောင် shadow Effect ပေါ်တာ တွေ့ရမှာပါ။

စာသား တစ်ကြောင်း ထည့်တာ ပြီးသွားပါပီ။ နောက်တစ်ကြောင်း ထည့်ဖို့ Office word ကိုသွားပီး အပေါ်ပုံမှာ
ပြထားတဲ့ အတိုင်း ကော်ပီယူပါ အရင်ထည့်ခဲ့တဲ့ နေရာ ရဲအောက်နား မှာ ကလစ်ချပြီး စောန ကလို
ထည့်ပါမယ်။စာသားထည့်ပြီးသွားရင် စောနကလို Effect ထည့်ပါမယ်။ အဲဒီတွက် အပေါ်ကလို
မလုပ်တော့ပါဘူး ။ပထမ စာကြောင်းမှာ ထည့်ခဲ့တဲ့ Effect ကို ကော်ပီ ယူလိုက်ပါနော်။

အောက်က ပုံအတိုင်း အစိမ်းရောင်လေး နဲ့ ဘောင်ခတ်ပြထားတဲ့ နေရာ မှာ မှန်းပြီးတော့ ညာကလစ်ထောက်ပြီး
Paste Effect ကိုနှိပ်လိုက်ပါ ။ထည့်ပြီးရင် အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း အ၀င်အထွက် ကိုက် မကိုက်ချိန်လိုက်ပေါ့
နော်။ကော်ပီယူထည့်တာဆိုတော့  Shadow အစိမ်းရောင်လေး ပါပြီးသား...... ဒီတော့ အလုပ်မရှုပ်တော့
ဘူးပေါ့။
အဲဒီ တိုင်းပဲ စာသားတွေ Effect တွေ ထည့်ပီးရင်တော့ စာသားတွေ ပြန်ထွက်အောင် လုပ်ရပါမယ်။
တစ်နည်းအားဖြင့် စာသားတွေ ပြန်ဖျောက်ရမှာပေါ့။


စာသားတွေ ဖျောက်ဖို့ အတွက် ထွက်ချင်တဲ့ နေရာ မလှမ်းမကမ်းမှာ ညာကလစ် ထောက်ပြီး
ချစ်ဦးပုံပြင်ထဲမှာတော့  fade out  ကိုရွေးလိုက်ပါတယ်။အဲဒီမှာလဲ အပေါ်မှာ ပြောသလို shadow effect
ထည့်ပါမယ်။ ညာဘက်ကအကွက်လေး ၂ကွက်မှာ အစိမ်းရောင်လေး တွေ့ရင်တော့ လုပ်စရာ မလိုပါဘူး
အနက်ရောင်ပဲတွေ့တယ် ဆိုရင်အပေါ်ကတိုင်း ပြန်လုပ်လိုက်ပေါ့နော်။ အစိမ်းရောင် ၂ ကွက် တွေ့ ပေမဲ့
Shadow ခပ်ထူထူ လိုချင်ရင်တော့ ထပ်လုပ်လိုက်ပေါ့ ရပါတယ်။

 
ချစ်ဦး ပုံပြင်မှာ စာသားလေးကြောင်းလောက် မှာ အကုန် တပြိုင်တည်း ထွက်တာ ဆိုတော့ စောနက Effect
Fade  out ကို ကော်ပီ ယူပီး အဲဒီ Effect အောက်တည့်တည့် မှာ Paste Effect လုပ်လိုက်ပါ။

အောက်မှာ ခရမ်းရောင် နဲ့ ဘောင်ခတ် ပြထားတာက တပြိုင်တည်း ထွက်မှာ မလို့ Effect တွေ တညီတည်း
ထည့်ထားတဲ့ ပုံပါ။ဒီလောက်ဆိုရင်တော့ စာသားတွေ နောက်ခံ shadow တွေ ထည့်တတ်သွားပြီ ထင်ပါတယ်။


အဲဒီတိုင်း ထည့်သွားလို့ သီချင်းတစ်ပုဒ် ဆုံးသွားပြီပေါ့နော်။ ဒါဆိုရင် save လုပ်ပါမယ်။ save လုပ်တဲ့နေရာ မှာ
ဆိုဒ်မှာ တင်ဖို့ swf ဖိုင် နဲ့ ဆွစ်မက် ဆော့ဝဲမှာ  ကိုယ် ပြန်ပြင်ချင်တာ ပြင်လို့ရတဲ့ swi ဖိုင်နဲ့ သိမ်းတာ ၂ မျိုး
ရှိပါတယ်။
အပေါ် က ပုံကတော့ အဲဒီ ၂ မျိုးကို ခွဲပြထားတာပါ။ အနီရောင် နဲ့ ၀ိုင်းထားတာကတော့ ဆိုဒ်မှာ တင်ပြီး Link
ချဖို့ swf ဖိုင်ပါ။ ပန်းရောင်လေးနဲ့ ၀ိုင်းထားတာကတော့ ပြန်ပြင်ရင် ဖွင့်တဲ့ swi ဖိုင်ပါ။ အခုတော့ ဆိုဒ်မှာ မတင်
သေးပဲ ရိုးရိုး swi ဖိုင်နဲ့ သိမ်းပါမယ်။

အပေါ် ပုံမှာ ပြထားတဲ့ အတိုင်း File ကို နှိပ်ပြီး save ပါမယ် ။ File name ကို  wskt လို့ ပေးလိုက်ပါတယ်။


ပြီးရင် save လိုက်ပါမယ်။အားလုံး စိတ်တိုင်း ကျလို့ ဆိုဒ်မှာ တင်ဖို့ Link ချဖို့ အတွက် swf ဖိုင်နဲ့ သိမ်းပါမယ်
အောက်မှာ ပြထားတဲ့ အတိုင်း File ကနေ Export setting ကိုသွားလိုက်ပါ။

ပြီးရင်  swf 8 ကို အောက်ပုံမှာ ပြထားတဲ့အတိုင်း ပြောင်းပါမယ် ။ပြောင်းပီးသားဆိုရင် တော့ ထားလိုက်ပေါ့
ဗျာ။

Swf 8 ကို ပြောင်းပီး သွားရင်တော့ File ကနေ ပြန်ဝင်လိုက်ပါ။အောက်ပုံမှာ ပြထားတဲ့ အတိုင်း Export  ကနေ
swf  ကိုနှိပ်လိုက်ပါ ။ ဒါဆိုရင်တော့ swf ဖိုင်အဖြစ် ဆိုဒ်မှာ Link ချဖို့ အတွက် သိမ်းပါလိမ့်မယ်။

swf နဲ့ သိမ်းတဲ့ အခါ အရင် swi နဲ့ သိမ်းထားခဲ့တဲ့ နံမည် နဲ့  ကျလာပါလိမ့်မယ် ။ save ပဲ နှိပ်လိုက်ပါ။
အောက်က ပုံကတော့ swf ဖိုင် အဖြစ် Export လုပ်နေတာပါ။ ဒီနေရာမှာ တစ်ခု သတိထားရမှာက  Export
လုပ်နေချိန်မှာ တခြား ဆော့ဝဲတွေ ဖွင့်ထားတာပဲဖြစ်ဖြစ် မိမိစက်က Hardware ပိုင်း အားနည်းလို့ပဲ ဖြစ်ဖြစ်
အောက်က ပုံအတိုင်း  အစိမ်းတုံးလေးတွေ တက်သွားတာ နှေး နေရင် ဖိုင်ဆိုဒ်ကြီးသွားတတ်ပါတယ်။
50 mb လောက်ထိ ရောက်သွားတတ်ပါတယ်။ထုပ်ထုပ်လဲ တစ်ခြားဆော့ဝဲတွေ တပြိုင်တည်း သုံးနေလို့ 
ခဏခဏ ဖြစ်ဖူးပါတယ်။ဖလက်သီချင်း တစ်ပုဒ်ဟာ အလွန်ဆုံး ရှိရင်  3.5 mb ထက်
မကျော်ရင် အကောင်းဆုံးပါ။ အခုလို အစိမ်းလေးတွေ တက်တာ နှေးနေရင်  swi နဲ့ သိမ်းပီး သားဖြစ်လို့
ဆော့ဝဲကို ပိတ်ချလိုက်ပါနော်။နောက်ပြန်ဖွင့်လိုက်ပါ  open ကနေ wskt swi  ကို ရှာပီး ဖွင့်လိုက်ပါမယ်။ပြီးရင်
Export ကနေ swf ကို တန်း သိမ်းလိုက်ပါမယ်။အရင် သိမ်းတုန်းကထက် ပိုပြီး မြန်တာတွေ့ရပါလိမ့်မယ်။
သိမ်းပြီးရင်တော့  ပိတ်လို့ရပါပြီဗျာ။







ကဲ အားလုံး အဆင်ပြေကြပါစေဗျာ။ ပုံပေါင်း 33 ပုံ နဲ့ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။ နားမလည် ခဲ့ရင်တော့
အနော် ထုပ်ထုပ် ညံ့ သေးလို့သာ ဖြစ်ပါကြောင်း...........................
    ( ဆွက်မက် 4 နဲ့ သုံးပြီး ရေးထားတဲ့  အတွက်  ကျန်တဲ့ ဗားရှင်းတွေ နဲ့တော့ မဆိုသလောက်လေး
ကွာပါလိမ့်မယ်။  )
Read more

Apk ဖိုင်တွေကို ကွန်ပျူတာ ပေါ်စေဖို့ ဆော့ဝဲလေး

loading

ဒီကောင်လေးက မိုးနဲသားလေးတို့လို တွေ့ကရာ ဂိမ်းတွေ ဆော့ဝဲတွေ ဒေါင်းတာများတဲ့ သူတွေအတွက်
အဆင်အပြေဆုံးပဲ..။ပုံတွေ အကုန်ပေါ်တော့ နောက်ပိုင်း ကိုယ်ဖိုင်ပြန်ခွဲရတာ အရမ်းလွယ်ကူတယ်လေ..
စမ်းသုံးကြည့်လိုက်ပါ...။


http://www.mediafire.com/?g575kfkhs564nso
Read more

Samurai II: Vengeance

[Image: sa2.jpg]
 ဆော့လို့ လန်းတဲ့ ဂိမ်းလေးပါ..ဖိုင်ဆိုဒ်ကလဲ မကြီးဘူး ဒေါင်းဆော့ကြည့်လိုက်ပါ..။
* Category: Games
* Released: Mar 24, 2011
* Version: 1.0
* Size: 41.0 MB
* Language: English
* Seller: MADFINGER Games, a.s.
* © MADFINGER Games, a.s.

Rated 12+ for the following:

* Frequent/Intense Cartoon or Fantasy Violence
* Frequent/Intense Realistic Violence

Requirements: OS X 10.6.6 or later
Description

Samurai II sends Daisuke on a quest for revenge across the war-scorched countryside. From a seafaring village to a flying fortress to the legendary Isle of the Dead, the samurai will stop at nothing to hunt down his arch-enemy Orochi. Will he get his Vengeance?
FEATURES:

? Tense, quick and gory battle sequences!

? Battle hordes of on-screen enemies wielding new weapons and sporting unique abilities.

? Stay nimble and plan your attacks – roll out of harm’s way and eliminate ranged enemies like the Samurai Archer before they can strike.

? Dynamic camera finds the best perspective for each encounter, adding variety while keeping focused on the action.

? RPG elements reward skilled players – upgrade the Samurai’s health, buy new attack combos and upgrade them to devastating levels.

? Between levels, gorgeous anime-style comic panels tell the samurai’s tale with original hand-drawn artwork.

? Survival mode pits the samurai against waves of enemies, giving hardcore players a score-attack mode to hone their skills. Two games in one!

? Runs at 60 frames per second !

? Advanced AI system on par with console games. Goal Oriented Action Planning architecture is used in many PC, PS3, and Xbox 360 games.

? Samurai II is developed on the Unity 3D 3.3 engine.

? Original soundtrack – in classic samurai movie style, soft music builds with the heat of battle.


http://www.mediafire.com/?r45v92zyw8jzt5w
Read more

ဖိုင်တွေအားလုံး Shortcut ဖြစ်အောင်လုပ်တဲ့ Virus သတ်ပစ် !


ဒီပို့လေးက http://mmithelper.blogspot.com ကရေးထားတာပါ..။ သူငယ်ချင်းတို့ အသုံးဝင်မယ်ထင်လို့
မူရင်းအတိုင်း ဖေါ်ပြထားပါတယ်..အောက်မှာလေ့လာကြည့်ပါ..Virus, Virus .... တော်တော် စုံတဲ့ Virus တွေ.. အဲဒီ Virus တွေထဲက ကိုယ့်ဖိုင်တွေအားလုံးကို Shortcut တွေချည်းပဲဖြစ်သွားအောင်လုပ်တဲ့ Virus က တစ်ခု အပါအ၀င်ပေါ့ဗျာ.. မိတ်ဆွေများ ကြုံဖူးကြလားမသိဘူး.. ဖိုင်တွေအားလုံးကို ဖျောက်လိုက်ပြီး အဲဒီဖိုင်နာမည်တွေနဲ့ Shortcut ပဲကျန်နေခဲ့တာ..  ဒီကောင်ကို သတ်ဖို့ ဆော့ဝဲ တစ်ခု ပေးမယ်ဗျာ.. အောက်မှာ ဒေါင်းလိုက်.. တကယ်လို့မှာ Smadav သာ ရှိရင်တော့ ဒီကောင်ရော. Smadav ရော နှစ်ခုလုံးနဲ့ Run လိုက်ပါ..
ဖျောက်ထားတဲ့ဖိုင်တွေကိုတော့ Smadav က ပြန်ဖေါ်ပေးအောင်လုပ်လို့ရတယ်..

ကဲ.. အောက်မှာဒေါင်းတော့နှော..

Download Links:

Read more

Plants & Zombies 2 Full Version

 
Plants&Zombiesကြိုက်နှစ်သက်သူများအတွက်Version2 လေးတင်ပေးလိုက်ပါတယ်....ထွက်တာကတော့
နည်းနည်းကြာနေပါပြီ..အရင် Version နဲ့ စာရင် Plant , Zombie အကောင်သစ်တွေကိုယ်တိုင်ပြုလုပ်လို့ရ
မယ်..Plant အသစ်တွေလဲ ထပ်မံပါဝင်လာပါတယ်...Download ရယူနိုင်ပါပြီခင်ဗျာ
 
မူရင်းလင့်... ဒီမှာပါ

ဒေါင်းရန် ..ဒေါင်းရန်
Read more

Android USB Driver Collection


Read more

ဝိုင်ဖိုင် ပြန်ခွဲဝေပြီး သုံးလို့ရတဲ့ Connectify Professional




ဒီကောင်လေး တင်ပေးဖူးပါတယ်...။အခု ပရိုဗာရှင်းနဲ့ ထပ်တင်ပေးလိုက်တယ်နော်...။အသုံးပြုနည်းပါ တခါတည်း တင်ပေးလိုက်မယ်...။အားလုံးအဆင်ပြေအောင်ပေါ့..။အောက်မှာ ဆော့ဝဲကို ဒေါင်းပြီး Install လိုက်ပါ...။
ကဲ့ Install ပြီးရင် အောက်မှာ မျှားပြထားတဲ့ အတိုင်း တစ်ဆင့်ချင်းဆီ သွားလိုက်နော်..။


loading


loading 


ကီးတွေဘာတွေ ထည့်ပြီးရင် ဖူးဗာရှင်းဖြစ်အောင် လုပ်လိုက်ပါ..။

loading
ပုံမှာ ပြထားတဲ့ အတိုင်းပဲ...အားလုံး ဖြည့်ပြီးရင် Start Hotspot ကို နှိပ်လိုက်ပါ..။

အောက်ကပုံအတိုင်း အစိမ်းရောင်ဖြစ်နေရင် အဆင်ပြေသွားပါပြီ..။အားလုံးအဆင်ပြေပါစေဗျာ..။
မိုးနဲသားလေး သိသလောက် မှတ်သလောက် ပြန်ရှယ်တာပါ..။




Read more