Firefox Browser ကို တစက္ကန့် နဲ့ ဖွင့်ရအောင်
အင်တာနက် အသုံးပြုဖို့အတွက် ရှိသမျှ Browser တွေထဲမှာ ကျနော်ကတော့ Firefox Browser ကို
အကြိုက်ဆုံးပါပဲ .. ဒါပေမဲ့ဗျာ... မကြိုက်တာ တစ်ခုကတော့ သူ့ကိုဖွင့်ရင် တော်တော်နဲ့ Browser
ကတတ်မလာဘူး... ၃/၄ မိနစ် လောက်ထိကြာတဲ့ အခါမျိုးတောင်ရှိပါတယ်...တခါတလေဆိုရင် Firefox က
ပွင့်ကိုမလာတော့လို့ တခြား Browser တွေကို မသုံးချင်ပဲ လှည်ပတ်သုံးရပါတယ်...။
ဒါနဲ့ .....နည်းလမ်းဆိုတာ ရှိကိုရှိရမယ် ဆိုပြီး ပတ်မွှေလိုက်တော့... .. တွေ့ပြီဗျာ... နာမည်က Firefox Preloader
တဲ့စမ်းသုံးကြည့်လိုက်တော့ တကယ့် အမှန်အကန်ပါပဲ တစ်စက္ကန့် တောင်မကြာဘူး တစက္ကန့် ရဲ့ ၁၀ ပုံ ၁ ပုံ
လောက်ပဲကြာတယ် ...
Firefox ကို သုံးရတာ ခုမှဘဲ စိတ်ချမ်းသာတော့တယ်ဗျာ....:)
သူငယ်ချင်းတို့လည်း Firefox Browser ကို ဖွင့်လိုက်လို့ တော်တော်နဲ့ တတ်မလာပဲ ဂျစ်ကန်ကန် လုပ်နေရင် ဒီ
Firefox Preloaderလေးနဲ့ ခတ်ဆတ်ဆတ်လေး ရိုက်ပေးလိုက်ပါ...:D
Firefox Preloader ကို ဒေါင်းယူပြီး Run ပေးလိုက်ရင် အပေါ်ကပုံလေးထဲကလို Taskbar မှာ
ရောက်လာပါလိမ့်မယ်.. အဲ့ဒီရောက်လာတဲ့ Firefox Logo လေးကို Double Click လိုက်မယ်ဆိုရင် Firefox Browser
ဟာ တစ်စက္ကန့် ရဲ့ ၁၀ ပုံ ၁ ပုံ ဆိုတဲ့ အချိန်လေးမှာ ဖျက်ခနဲ ပွင့်လာမှာပါ...:)
(ကျနော့လို မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်နော်)
About the Author
Written by Admin
ChromeGT is a modern, powerful and professional Blogger template made for your Portfolio, Business or almost any other kind of website.



0 comments:
အဆင်မပြေပါက ပြောခဲ့လိုက်ပါ