Vista Control Panel ကို Right Click menu မှာ မြန်မာလို ရေးပြီးထည့်မယ်
Control Panel ကို Right Click menu မှာ ထည့်ကြည့်မယ်လေ။ မြန်မာလို ရေးပြီးထည့်မယ်ဗျာ ။ ကြည့်လိုက်ပါဦး။

Registry ပိုင်းကို တော်တော်များများရေးခဲ့ပြီးပါပြီ လေ့လာပြီးသူများအတွက် ရည်ရွယ်ပြီးပြောပါ့မယ်။
Run မှာ regedit လို့ ရေးပြီး Registry Editor ကို ၀င်ပါ အောက်ပါ လမ်းကြောင်း အတိုင်း Shell ကို ရှာပါတယ်။

နာမည်ကို မိမိကြိုက်သလိုပေးလို့ရပါတယ်။ Control panel ကို မြန်မာလိုပေးချင်လည်း ပေးလို့ရပါတယ်။ ဒါပေမယ့် ဇော်ဂျီဖောင့်တွေ ပြောင်းပေးပြီးသားဖြစ်မှ ပေါ်မှာပါ။ ဖောင့်ပြောင်းပေးလို့ရတာ ၈ နေရာ ရှိပါတယ်။ သိပြီးသားနေမှာပါ။ ကျနော်ကတော့ “ ပြင်ဆင်ဖို့ ” ဆိုပြီး ပေးလိုက်ပါတယ်။

သူ့ကို Right click ထပ်လုပ်ပြီး New – Key ကို နှိပ်ပါ။ command လို့ နာမည်ပေးပါ။

command ကို click လုပ်လိုက်တာနဲ့ သူ့ရဲ့ညာဘက်မှာ Default ဆိုတဲ့ သူ့ရဲ့ item လေးကို တွေ့မှာပါ။ အဲဒါကို Double-click နှိပ်ပြီး Value အတွက် အောက်က စာသားတွေ ကူးထည့်လိုက်ပါ။
ပြီးတာနဲ့ Desktop မှာ Right-click လုပ်ပြီး သုံးကြည့်လိုက်ပါ။ အဆင်ပြေမှာပါဗျာ ….အင်း ၀င်းဒိုး 7နဲ့ XP အတွက် မစမ်းရသေးပါဘူး နော် ကိုယ်တိုင်စမ်းလိုက်ပေါ့ အတူတူပါပဲ ရရင်ပြန်ပြောပေးပါဗျာ

HKEY_CLASSES_ROOT\Directory\Background\shellShell ကို Right-click လုပ်ပြီး New – Key ကို နှိပ်ပါ
နာမည်ကို မိမိကြိုက်သလိုပေးလို့ရပါတယ်။ Control panel ကို မြန်မာလိုပေးချင်လည်း ပေးလို့ရပါတယ်။ ဒါပေမယ့် ဇော်ဂျီဖောင့်တွေ ပြောင်းပေးပြီးသားဖြစ်မှ ပေါ်မှာပါ။ ဖောင့်ပြောင်းပေးလို့ရတာ ၈ နေရာ ရှိပါတယ်။ သိပြီးသားနေမှာပါ။ ကျနော်ကတော့ “ ပြင်ဆင်ဖို့ ” ဆိုပြီး ပေးလိုက်ပါတယ်။
သူ့ကို Right click ထပ်လုပ်ပြီး New – Key ကို နှိပ်ပါ။ command လို့ နာမည်ပေးပါ။
command ကို click လုပ်လိုက်တာနဲ့ သူ့ရဲ့ညာဘက်မှာ Default ဆိုတဲ့ သူ့ရဲ့ item လေးကို တွေ့မှာပါ။ အဲဒါကို Double-click နှိပ်ပြီး Value အတွက် အောက်က စာသားတွေ ကူးထည့်လိုက်ပါ။
rundll32.exe shell32.dll,Control_RunDLL
ပြီးတာနဲ့ Desktop မှာ Right-click လုပ်ပြီး သုံးကြည့်လိုက်ပါ။ အဆင်ပြေမှာပါဗျာ ….အင်း ၀င်းဒိုး 7နဲ့ XP အတွက် မစမ်းရသေးပါဘူး နော် ကိုယ်တိုင်စမ်းလိုက်ပေါ့ အတူတူပါပဲ ရရင်ပြန်ပြောပေးပါဗျာ
0 comments:
အဆင်မပြေပါက ပြောခဲ့လိုက်ပါ