Galaxy များကို Root လုပ်ခြင်း



– root လုပ်ဖို့လိုအပ်တဲ့ tool ကိုအောက်က link မှာရယူပါ။
http://www.mediafire.com/?zl8fc06mhqftj0b
– စောစောက download လုပ်ထားတဲ့ update.zip ဖိုင်လေးကို ဖုန်းရဲ့ SD ကဒ်ထဲကိုထည့်ထားပါ။
– ဖုန်းကိုပါဝါပိတ်လိုက်ပါ။
– The Volume Up Key(အသံကျယ်ခလုတ်), Home key and Power Button ခလုတ်သုံးခုကိုတစ်ပြိုင်နက်တွဲနှိပ်ထားပါ။ Screen တွင် Samsung logo ပေါ်လာမှလွှတ်ပါ။
– Recovery mode ထဲသို့ရောက်သွားပါမည်။ “choose update.zip from sd card” ထဲကိုဝင်ပါ။ စောစောကထည့်ထားတဲ့ update.zip ဖိုင်လေးကိုရွေးပေးလိုက်ပါ။
– ဖုန်းကို စတင် root လုပ်ပါလိမ့်မယ်။ စက္ကန့်နှစ်ဆယ်ခန့်အတွင်း root process ပြီးပါတယ်။ ပြီးလျှင် reboot from recovery ကိုရွေးပြီး recovery mode ထဲကနေထွက်ပါ။
– ပြန်တက်လာပြီဆိုရင် ဖုန်းရဲ့ application တွေထဲမှာယုန်အရိုးခေါင်းပုံလေးနဲ့ Super User လို့ခေါ်တဲ့ဆော့ဝဲလေးရှိမရှိကြည့်ပါ။ ရှိပြီဆိုရင်တော့ root process အောင်မြင်ပြီဖြစ်ပါတယ်။

0 comments:

အဆင်မပြေပါက ပြောခဲ့လိုက်ပါ