"ကြက်ကောက်ညှင်း အဆာသွပ်ပေါင်း" ကချင်စတိုင်



[Image: q8ijz.jpg]
[Image: 765z6.jpg]






ဒီတစ်ခါ မိုးနဲသားလေး... စတန့်ထွင်တာမဟုတ်ပါဘူး...မိုးနဲသားလေးက ချက်တာပြုတ်တာ ၀ါသနာပါတယ်..ဒါကြောင့် အချိန်မရွေးပြန်ကြည့်နိုင်အောင်ရယ်...။တခြား စိတ်ဝင်စားတဲ့ သူငယ်ချင်းများလဲ လေ့လာနိုင်အောင်ရယ်...ချက်နည်းပြုတ်နည်းတွေလဲ တင်ဦးမယ်...။အားလုံးမကြိုက်
ရင်လဲ ကျော်ကြည့်ပေါ့နော်...။





ကြက်ကောက်ညှင်းအဆာသွပ်လုပ်ဖို့ အတွက် သိပ်မကြီးတဲ့ အနေတော် ကြက်တစ်ကောင် လိုအပ်ပါတယ်။ ကြက်အကောင်ကြီးရင် အသားရင့်ပြီး စားမကောင်းတဲ့ အတွက် ကြက်အကောင် အသေးကို ရွေးရပါတယ်။ ကြက်ဝမ်းဗိုက်ထဲကို ထည့်ပြီးပေါင်းဖို့ အတွက် သင့်တော်သလောက် ကောက်ညှင်းငချိတ်ကိုလည်း ကြိုပေါင်းထားပြီး အအေးခံထားရပါမယ်။ကြက်အကောင်သေး တစ်ကောင်ကို အမွေးအမှင်များ စင်အောင်နှုတ်၊ ရေစင်စင် ဆေးပြီး ရင်အုံအောက်( ပေါင်ရင်းနားလောက်) မှနေ၍ အပေါက်သေး တစ်ခုကို ဓားဖြင့်ခွဲကာ ကလီစာများကို အခုလို ပန်းကန် တစ်ချပ်ဖြင့် အရင် ဖယ်ထုတ်ထားလိုက်ပါတယ်။ချောက်ကောပါးကော အမှုန့်များ (နာနတ်ပွင့်၊ ဖာလာစေ့)ကြာညို့ အချိုအငံ နှစ်မျိုးလုံးကို ထည့်ပါတယ်

ကြက်တစ်ကောင်လုံးကို အသားမှုန့်၊ ကြာညို့အချိုအငံနှစ်မျိုး၊ ဂျင်းရည်၊ ချောက်ကော ပါးကော အမှုန့်တို့ဖြင့် အသားထဲ စိမ့်ဝင်အောင် နယ်ထားပါတယ်။ကလီစာများကို ရေစင်အောင် ဆေးပြီး ပါးပါးလှီးကာ အသင့်ပေါင်းထားသော ကောက်ညှင်းဖြင့် ဂျင်းရည်၊ ကြာညို့၊ ဆား၊ ချောက်ကော ပါးကော၊ အသားမှုန့်၊ ဂျင်း စသည်တို့ကို လိုအပ်သလို ထည့်ကာ သမအောင် ထပ်နယ် ထားပါတယ်။ထိုနောက် အသင့်ပြင်ထားသော ကောက်ညှင်းငချိတ်နှင့် ကလီစာများကို ကြက်ဝမ်းဗိုက်ထဲသို့ သိပ် ထည့်ရပါတယ်။အဆာသိပ်ပြီးသွားတဲ့ အချိန်မှာ ဓားဖြင့်ခွဲထားသော ကြက်ဝမ်းဗိုက်ကို အပ်နှင့် အပ်ချည်ကို အသုံးပြုပြီး အဆာများ ပြန်မထွက်လာစေရန် သေချာစွာ ပိတ်ပါတယ်။ပေါင်းအိုးထဲသို့ မထည့်မှီ ကြက်ခြေထောက် ဒူးဆစ်နေရာလောက်မှ အကြောကို ဓားသေးသေးဖြင့် ဖြတ်ထားဖို့ လိုအပ်ပါတယ်။ ပေါင်းအိုးထဲ ထည့်တဲ့ အချိန်ရော၊ ကြက်ကို ပေါင်းနေစဉ် အချိန်မှာပါ အဆင်ပြေစေဖို့ ဖြစ်ပါတယ်။စပေါင်းရန် အဆင်သင့် ဖြစ်နေသောကြက်ကို Rice Cooker သို့မဟုတ် ပေါင်းအိုးထဲ ထည့်ပြီး ရေ အနည်းငယ် ထည့်ကာ အချိန် တစ်နာရီ ( သို့မဟုတ်) ကြက်အသားနူးသည်အထိ ပေါင်းလိုက်ပါတယ်။အသားများ နူးညံ့ အရသာရှိလှပြီး ရနံ့မွေးကြိုင်လှသော ကြက်ကောက်ညှင်း အဆာသွပ်ပေါင်း ကို ရပါပြီ။

0 comments:

အဆင်မပြေပါက ပြောခဲ့လိုက်ပါ