ဟော့ဒေါ့




[Image: cec016201312604.jpg]
ပါဝင်ပစ္စည်းများ

၁။ ဟော့ဒေါ့ ပါမုန့် – ၆လုံး (CityMart တွင် ၀ယ်ယူနိုင်သည်)

၂။ ၀က်အူချောင်း(အစို) – ၆ချောင်း

၃။ ဆလတ်ရွက် – ၁စည်း (ရေဆင်အောင် ဆေးထားပါ)

၎။ မရိုနစ်

၅။ Mustard (or) French Mustard (အ၀ါဘူး) (CityMart တွင် ၀ယ်ယူနိုင်ပါသည်)

၆။ ခရမ်းချဉ်သီးဆော့ – ၃လုံး (တ၀က်ဝက်ပြီ ပါးပါးလှီးပါ)

ရ။ သခွာသီး – ၁ခု (တ၀က်ဝက်ပြီ ပါးပါးလှီးပါ)

၈။ ချိစ် – ၅၀ဂရမ် (ခြစ်တံဖြင့် ခြစ်လိုက်ပါ)

ဟော့ဒေါ့လုပ်နည်း

၁။ အရင်ဆုံး ၀က်အူချောင်း(အစို)များကို အကင်ပြားပေါ်တင်၍ ၂မိနစ်ခန့် ကျက်သည်အထိ ကင်ပေးပါ။

[Image: 148846201312611.jpg]
၂။ ထို့နောက် ဟော့ဒေါ့ပါမုန့်များကို ဓားဖြင့် ထက်ခြမ်းခြမ်း လိုက်ပါ။

[Image: ae689a201312612.jpg]

၃။ ပြီနောက် ဟော့ဒေါ့ ပါမုန့်များကို ပေါင်အိုးထဲထည့်ပြီ ပေါင်း၍ဖြစ်စေ (သို့) oven ထဲထည့်ပြီ ၅မိနစ်ခန့် ကင်ပေးပါ။

၎။ ပြီလျှင် ဟော့ဒေါ့ပါမုန့်တစ်လုံးဆီကို မရိုနစ်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ Mustard(စားပွဲတင်ဇွန်း တ၀က်)၊ ခရမ်းချဉ်သီးဆော့(စားပွဲတင်ဇွန်းတ၀က်) ဆီ ထည့်ပေးပြီ ကင်ထားသော ၀က်အူချောင်း၊ ဆလတ်ရွက်၊ သခွာသီး၊ ခရမ်းချဉ်သီး တို့ကို စီစီညာညာ ထည့်ပေးလိုက်ပါ။

[Image: 7f6f27201312616.jpg]
၅။ ထိုနည်းအတိုင်း ကျန်ဟော့ဒေါ့များကို လုပ်ပေးပါ။ ပြီမှ အပေါ်မှ အပေါ်မှ ချိစ်လေးများကို ဖြူးပေးလိုက်ပါ။

[Image: cec016201312604.jpg]

0 comments:

အဆင်မပြေပါက ပြောခဲ့လိုက်ပါ