IsoBuster 1.9.1 - (copy ကူးလို့မရအောင် ပိတ်ထားတဲ့ CD ခွေ ကူးနည်း)



copy ကူးလို့ မရအောင် ပိတ်ထားတဲ့ CD ထဲက သီချင်းတွေကို ဒီကောင်လေးနဲ့ ရအောင်ကူးလို့ ရပါတယ်..။ ။
မိုးနဲသားလေး ဒီပို့ကိုတင်ချင်နေတာ ကြာပါပြီ..။ ဒါပေမယ့် ခွေမရှိတဲ့အတွက် ကိုလွင်မင်းဗိုလ်ဆီက ဌားလာတာ...အဟီးး..။ဘာပဲဖြစ်ဖြစ်လေ..သူငယ်ချင်းတို့အဆင်ပြေဖို့အရေကြီးပါတယ်..လုပ်ပုံလုပ်နည်းလဲ
သူပြောပြထားတာရှင်းနေတာပဲ..အားလုံး အဆင်ပြေကြပါစေသူ့အတွက် Key လေးပါ ထည့်ပြထားတယ်.. လိုအပ်တဲ့သူမျာ အောက်ကလင့်တွေ ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 2.5 MB ရှိပါတယ်..
ဒေါင်းရန်





ဒီအောက်ကပုံကတော့ ကျနော့်စက်မှာ copy မကူးခင် DVD Drive ထဲမှာ ပြထားတဲ့ CD ချပ်ထဲက ပုံလေးပါ..။

ဒီကောင်လေးကို Install ဆွဲထည့်ပြီးတာနဲ့ Key တောင်းတဲ့ ဘောက်စ်လေးပေါ်လာရင် အောက်ကပုံလေး အတိုင်း ထည့်ပေးလိုက်ပါ.. 



ဒီကောင်လေးကို Install ဆွဲထည့်တဲ့ အချိန်မှာ စက်ထဲမှာ CD သီချင်းခွေကို ထည့်ထားတဲ့အခါ အပေါ်ပုံအတိုင်း သီချင်းတွေ တန်းပေါ်နေပါလိမ့်မယ်..။ CD ထဲက သီချင်းတွေပါ..။ CD ထဲက သီချင်းတပုဒ်ကို Size နေရာမှာ ကြည့်လိုက်ရင် ဘယ်လောက် MB ရှိနေလဲဆိုတာ ပုံမှာ ပြထားတဲ့ အတိုင်း တွေ့နိုင်ပါတယ်..။ အပေါ်ကပုံလိုမျိုး နောက်ထပ် ဘောက်စ်တခု ထပ်ထွက်လာရင် No ပေးလိုက်ပါ..။ အောက်ပုံအတိုင်း Help ကနေ သွားကြည့်လိုက်ရင်တော့ ဖူးဖြစ်သွားလို့ Registered စာသားလေး မှိန်နေပါလိမ့်မယ်..


ကျနော်တို့ CD ချပ်ထဲက သီချင်းတွေကို copy ကူးပြီး ထည့်ဖို့ Desktop မှာ Folder အသစ်တခု ဖွင့်လိုက်ပါတယ်.. ကျနော်ကတော့ အဲဒီ ဖိုဒါလေးကို From CD လို့ နာမည်ပေးလိုက်ပါတယ်..။ အောက်ကပုံမှာ ဆက်ကြည့်ပါ..။ ပြီးရင်တော့ အောက်ကပုံအတိုင်း IsoBuster ဘောက်စ်နဲ့ အသစ်ဖွင့်လိုက်တဲ့ ဖိုဒါလေးကို ၂ခုယှဉ်ပြီး ဖွင့်ထားလိုက်ပါတယ်..။ IsoBuster ထဲမှာ မြင်နေရတဲ့ CD ချပ်ထဲက သီချင်းတွေကို ကီးဘုတ်မှ Ctrl+A နဲ့ All Select ပေးလိုက်ပါ..။ အဲဒီသီချင်းတွေပေါ်မှာ မောက်စ်မျှားတင် ဖိဆွဲပြီး ဟိုဘက် ဖိုဒါအလွတ်ပေါ်ကို ရောက်မှ ဖိဆွဲလာတဲ့ မောက်စ်ကို လွှတ်ပေးလိုက်ပါ..။ ဒါဆိုရင် CD ထဲက သီချင်းတွေကို copy ကူးနေတာ အောက်ကပုံတွေအတိုင်း မြင်ရပါလိမ့်မယ်..


အောက်ကပုံ အတိုင်း copy ကူးနေပါလိမ့်မယ်..။


ဖိုဒါအသစ်ထဲမှာ သီချင်းတွေ ရောက်သွားတာ အောက်ပုံအတိုင်း မြင်ရပါပြီ..။ ဒီနည်းနဲ့ copy ကူးလို့ မရတဲ့ CD လေးချပ်ကို ရအောင်ကူးပေးလိုက်ပါတယ်..။ ဒါပေမယ့် ဖိုင်ဆိုဒ်ကြီးလွန်းတဲ့ အတွက် ဖုန်းထဲထည့်ဖို့ အဆင်မပြေသေးပါ..။ CD လေးချပ်စာ 3 GB ကျော်ရှိတဲ့ အတွက် Format Factory ဆော့ဖ်ဝဲနဲ့ Mp3 ပြောင်းပြီး (200 MB မပြည့်တော့ပါဘူး) ထည့်ပေးလိုက်တော့မှ အဆင်ပြေသွားပါတယ်..။ 



လိုအပ်တဲ့သူများအတွက် အသုံးတည့်တာလေးကို တင်ပေးလိုက်ပါတယ်.. လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

0 comments:

အဆင်မပြေပါက ပြောခဲ့လိုက်ပါ