Huawei ဖုန်းများ အတွက် Flashing To

Huawei ဖုန်းများကို official တင်မယ်ဆိုရင် dload folder ကို sdcard ထဲထည့်ပြီး update လုပ်ရပါတယ်။
အခုပြောမယ့်နည်းကတော့ bootloader mod ခေါ်လို့ရတဲ့ ဖုန်းတွေအတွက် fastboot command ဖြင့် firmware တင်နည်းဖြစ်ပါတယ်။
ဒီနည်းဟာ dload ဖိုင်ဖြင့် တင်လို့မရတဲ့ ဖုန်းများနှင့် sd card slot ပျက်နေတဲ့ဖုန်းများကို ကယ်တင်ပေးမှာဖြစ်ပါတယ်။
ဒီနည်းမှာတော့ အပိုင်း၂ ပိုင်း ပါဝင်ပါတယ်။ တစ်ပိုင်းကတော့ dload folder ထဲက UPDATE.APP ကို ခွဲထုတ် ခြင်းနှင့် နောက်တစ်ပိုင်းကတော့ fastboot command ဖြင့် firmware တင်ခြင်း ဖြစ်ပါတယ်။
လိုအပ်သော ဖိုင်ကို ဒေါင်းပါ >> DOWNLOAD
password>>mrandroid

- ဒေါင်း၍ ရလာသော HUAWEI Flashing.rar ကို ဖြေချလိုက်ပါ။
- မိမိတွင်ရှိသော dload folder ထဲမှ UPDATE.APP ကို ဖြေချထားသည့် folder ထဲတွင် ထည့်ပါ။
- Runme.exe ကို run လိုက်ပါ။ အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ်။

- နံပါတ် ၁ ကတော့ UPDATE.APP ကို ခွဲထုတ်ခြင်းဖြစ်ပါတယ်။ ကိုယ်ခွဲချင်တဲ့ UPDATE.APP ကို ထည့်ပြီး ခွဲထုတ်နိုင်ပါတယ်။
- နံပါတ် ၂ ကတော့ fastboot command ဖြင့် firmware တင်ခြင်းဖြစ်ပါတယ်။ (ဖုန်းကို fastboot mod ၀င်၍ computer ဖြင့် ချိတ်ထားပါ)
- နံပါတ် ၃ ကတော့ ဖုန်းကို reboot လုပ်ရာတွင် သုံးနိုင်ပါတယ်။
- ထွက်ချင်ရင်တော့ e ကို နှိပ်ပြီးထွက်နိုင်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ………
ရေးသားသူ….ကိုဌေးလှိုင်ဦး
မူရင်း ဒီမှာကြည့်…

0 comments:

အဆင်မပြေပါက ပြောခဲ့လိုက်ပါ