Android ဖုန်းနဲ့ Tablet တွေမှာအလွယ်တကူRoot လုပ်ကြမယ်(One Click Root)
Android စနစ်သုံး Tablet နဲ့ ဖုန်းတွေကို Root လုပ်ချင်ပါတယ်လို့ ပြောနေကြတဲ့ သူများအတွက် အလွယ်တကူ Root လုပ်နိုင်မယ့် One Click Root Method ကို ကိုပြည့်ဖြိုး မှတစ်ဆင့်ပြန်လည်ဝေမျှလိုက်ပါတယ်။ အောက်မှာ ပုံနဲ့အသေးစိတ်ကိုရှင်းပြပေးထားပါတယ်။
Android ဖုန်းတော်တော်များများကို Root လုပ်နိုင်ပါတယ်ခင်ဗျာ။
မိမိAndroid ဖုန်းနဲ့ Tablet တွေနဲ့ ကိုက်ညီတဲ့Root လုပ်နည်းကိုလိုက်ရှာနေရတာအချိန်ကုန်ပါတယ်။ဒီတော့ Click လေးတစ်ချိတ်နှိပ်ရုံနဲ့ root လုပ်ပေးအောင်ဒီကောင်လေးကကူညီပါလိမ့်မယ်။ အရင်ဆုံးလိုအပ်တဲ့ Software ကို အောက်မှာ Download ယူပါ။
၁-ဒေါင်းလုပ် လုပ်ပီးရင်install လုပ်လိုက်ပါ။
၂-သွင်းပြီးရင်တော့ဖွင့်လိုက်ပါ။(ဖုန်းနဲ့ ချိတ်ထားမှ Application ကပွင့်ပါလိမ့်မယ်၊ဖုန်းမချိတ်ထားရင်တော့လုံးဝမပွင့်ပါ။)
၃-ပထမဦးဆုံးပေါ်လာမှာမတော့တရုတ်စာတွေနဲ့ ပါ။နောက်English ပြောင်းပါမယ်။ဘယ်ဘက်အပေါ်နားကAndroid Icon လေးကိုClick လိုက်ပါ။တတိယစာကြောင်းကိုနှိပ်လိုက်ပါ၊ပြီးရင်လည်းတတိယစာကြောင်းကိုပဲထပ်နှိပ်ပါ။ဒါဆိုEnglish လိုပြောင်းသွားပါလိမ့်မယ်။
၎-ပြီးရင်တော့ System ဆိုတာလေးကိုနှိပ်လိုက်ပါ။ပြီးရင်အောက်ဆုံးနားမှာOne Key Root လေးကိုထပ်click လိုက်ပါဗျာ။
၅-ပြီးရင်တော့Start လိုက်တော့ပေါ့။ခနာ့စောင့်လိုက်ပါ။အဆင့်သုံးကိုရောက်ရင်တော့Root လုပ်တာအောင်မြင်ပါပြီ။
၆-မိမိဖုန်းမှာ Super User ဆိုတဲ့ကောင်လေးရောက်လာရင်တော့ ကြိုက်တဲ့ Application တွေစိတ်ကြိုက်သွင်းနိုင်ပါပြီ။အဆင်ပြေပါစေ။
0 comments:
အဆင်မပြေပါက ပြောခဲ့လိုက်ပါ