မိုးနဲမြို့ ယခုနှစ် ရှမ်းနှစ်သစ်ကူးလူငယ်များ ဦးဆောင်လှုပ်ရှား
ရှမ်းပြည်တောင်ပိုင်း စော်ဘွားမြို့ဟောင်းတစ်မြို့ဖြစ်သော မိုးနဲတွင် ယခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်အား စိုးရိမ်ကြောက်ရွံ့ခြင်းမရှိဘဲယခင်နှစ်များထက် ထူးကဲ စည်ကားစွာ ကျင်းပနိုင်ခဲ့ကြောင်း မိုးနဲဒေသခံများကပြောသည်.။
တစ်ညတစ်ညလူ3000ထက်မလျော့ဘူးဗျ..။တော်တော်စည်တယ်ပြောရမယ်..။ရပ်ကွက်တိုင်း
ကျေးရွာတိုင်းက၀တ်စုံဆင်တူတွေဝတ်ကြပြီးမင်္ဂလာနှစ်သစ်ပါဆိုတဲ့မိမိရပ်ရွာဆိုင်းဘုတ်လေးတွေနဲ့
ချီတတ်လာကြတာလဲအစဉ်အလာမပျက်ပါဘူး။ရပ်ကွက်တိုင်း ကျေးရွာတိုင်းကလဲအိုးစည်ဗုံမောင်းပါတယ်။
စည်းလုံးညီညွတ်မူကိုပြတာပေါ့ဗျာဟုမိုးနဲသားတစ်ဦးက ပြောပါတယ်.။ဒီဇင်ဘာ12ရက်ညနေပိုင်းက
ရှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကျင်းပရာ14ရက်နေ့အထိမဟာသုခချမ်းသာကြီးကျောင်းတိုက်မှာ ကျင်းပခဲ့ကြောင်း ၊ မုခ်ဦးဖွင့်ပွဲကို မိုးနဲမြို့နယ် အုပ်ချူပ်ရေးမှူး ဦးမြတ်ကျော်၊ ပွဲတော်ကျင်းပရေး ကော်မတီ ဥက္ကဌ ဦးထွန်းမြင့်ပွဲတော်ကျင်းပရေး ကော်မတီ နယက ဦးအောင်ဖေတို့က ဖွင့်လှစ်ပေးပြီး ရိုးရာနှင့် သမိုင်းပြတိုက်ဖွင့်ပွဲကို ပြည်သူလွတ်တော်ကိုယ်စားလှယ်စိုင်းမောင်ကြီးနှင့် အဖွဲ့ကလည်းကောင်း ၊ အကပဒေသာ စတိတ်စင်များကိုမူ ပွဲတော်ကျင်းပရေး ကော်မတီ အဖွဲ့ဝင် ဆရာဦးမျိုးသန့်နှင့်
အဖွဲ့ကသော် လည်းကောင်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း ပွဲပရိတ်သတ်တစ်ဦးက ရှမ်းသံတော်ဆင့်အားပြောပြသည်။

12 ရက်နေ့မှ ပွဲပြီးသည့်နေ့အထိ နေ့စဉ် ညနေတိုင်း ဥယျာဉ်ရပ်ကွက် ၊၊ပေါ့မှိုင်းရပ်ကွက်
၊ လွိုင်မြေရပ်ကွက် ရပ်ကွက် အသီးသီးနှင့် နားခံ၊ နမ့်မော်လေ ၊ နားလင်း၊ နမ့်မော်ဆုမ့်
လွိုင်လင်း၊ နမ့်သပြေ ၊ကုန်ပေါင်း လွိုင်အိုင် စသည့်ရွာများကလည်း မြို့၏ အဓိကလမ်းမမှ ပွဲသို့ ချီတတ်ကြပြီးနှာဟောင် ရပ်ကွက် ၊ နောင်ကျော့ရပ်ကွက် ကင်တုံရွာ ဆိုင်းဖယ်းရွာတို့က မြောက်ဘက် အရှေ့မြို့ပတ်လမ်းမှ ချီတတ်ခဲ့ကြသည်။ တောင်ဘက် အရှေ့မြို့ပတ်လမ်းမှမူ
လွယ်မြေရပ်ကွက် နောင်မိုင်းရွာ ၀မ့်ဟေ့ရွာတို့မှ ချီတတ်ခဲ့ကြရာစည်းကားလျက်ရှိကြောင်း မြို့ခံများက ပြောကြသည်။ကျေးရွာမှ လာသည့် ပရိသတ်များအတွက်မူ ဦးသီလကျောင်း ၊ ဆုတောင်းပြည့်စာသင်တိုက် ၊ဥယျာဉ်ကျောင်းတိုက် သာသနာ့ပါလစာသင်တိုက် ၊၀ါဆိုကျောင်းတိုက်တို့တွင် နေရာချပေးကြောင်းဆိုပါသည်။

စတိတ်စင် ၃ စင်ဆောက်တယ် ။ ရိုးရာအငြိမ့် (ခေတ်ဟောင်းတေးဂီတ) အတွက်တစ်စင်၊ခေတ်သစ်တေး
ဂီတ အတွက်တစ်စင်နဲ့ အကအတွက် တစ်စင်ဆောက်တယ်။ ပွဲတော်နောက်ဆုံးရက်မှာ အကပြိုင်ပွဲမှာ ဆုရတဲ့သူအားကစားပြိုင်ပွဲမှာ အနိုင်ရတဲ့သူတွေအပြင် နွေရာသီ ရှမ်းစာသင်တန်းကျောင်းက သင်တန်းသား ၆၀၀ ကျောင်ကို ဆုချီးမြင့်တယ်။ ဆွမ်းကပ် ၊ဧည့်ခံကျွေးမွေး တရားနာတယ်။ဒီနှစ်တော့ ပွဲက စည်ကားသိုက်မြိုက်လှပါတယ်။အေးအေးချမ်းချမ်းနဲ့ ပြီးတဲ့အထိ ကျင်းပနိုင်ခဲ့ပါတယ်ဟု ဆိုသည်။
မြန်မာလ တန်ဆောင်မုန်းလကွယ် -နတ်တော် လဆန်း ၁ ရက်နေ့ရောက်တိုင်း ရှမ်းအမျိုးသားတို့ရဲ့
နှစ်သစ်ကူးဖြစ်ပါတယ်။ယခုနှစ်သည ရှမ်းသက္ကရာဇ် ၂၁၀၇ ခုနှစ် အတွင်းသို့ရောက်ရှိခဲ့ပြီး ဖြစ်သည်။

0 comments:
အဆင်မပြေပါက ပြောခဲ့လိုက်ပါ