Network Configuration In Ubuntu


ကဲ မိုးနဲသားတို့ Ubuntuစစသုံးချင်းဆိုရင်တော့ဘာစပြသာနာတတ်လဲဆိုတော့.အင်တာနက်ကိုမသိဘူးလို့
ပြောပါလိမ့်မယ် ကိစ္စမရှိပါဘူး(မှတ်ချက် - သုံးရက်လေက်တော့ ကြာသွားတယ်...ခိခိခိ) ဟိုနေရာသွားမွေလိုက် ဒီနေရာသွားမွေလိုက်နဲ့ နောက်ဆုံးတော့ ဒီအဆင့်လေးကိုလုပ်လိုက်ရင်တော့ အဆင်ပြေပါပီ ... Network Connections ဆိုတာလေးကိုအရင်ဖွင့်ရပါလိမ့်မယ် ... အဲဒါကတော့ Title Bar မှာရှိပါတယ် နာရီလေးနဲ့ Speaker ပုံလေးရှိပါတယ် အဲဒီ ဘေးမှာ Network Icon လေးရှိပါတယ် မတွေ့ရင်တော့ အပေါ်အောက် Icon လေးကိုရှာလိုက်ပါ ...  အဲဒါကိုမှမတွေ့ဘူးဆိုရင်တော့ Dash Home မှာ Network Connections ဆိုပီးရိုက်ထည့်လိုက်ပါ ကဲ တွေ့ပီးပေါ့ဗျာ မတွေ့လဲ တွေ့တယ်လို့ပဲထားလိုက်တော့ :P အောက်က ပုံလေးအတိုင်းရောက်လာပါလိမ့်မယ် အဲဒီမှာ Add ဆိုတာကိုနှိပ်လိုက်ပါ ...


Photobucket


ကဲအောက်ကပုံအတိုင်းပဲပေါ့ဗျာ ...အဲအထဲက IPv4 Settings ကိုသွားလိုက်ပါ ...

Photobucket


ရောက်ပီဆိုရင်တော့ အောက်က အတိုင်းထည့်ပေးလိုက်ပါ ... Automatic (DHCP)  ဆိုတဲ့နေရာမှာ Manual ဆိုတာကိုရွေးလိုက်မှ ဆက်လုပ်လို့ရမှာပါ ... Address ဆိုတာ ကျွန်တော် ထင်ပါတယ် Window သုံးပီး Ubuntu စမ်းသုံးကြတယ်ဆိုတာကိုပေါ့ဗျာ ... Window မှာပဲ Network ဆိုတာလေးရှိပါတယ်သွားလိုက်ပီးရင်တော့ Details ဆိုတာရှိပါတယ် အဲဒီ IP တွေကိုမှတ်ပီးတော့ ထည့်ပေးလိုက်ပေါ့ဗျာ ...

Photobucket


DNS Servers ဆိုတာကတော့ ကိုယ်သုံးတဲ့ Network အပေါ်မူတည်တာပေါ့ဗျာ ... SkyNet ကတော့ ကျွန်တော် ပြထားတဲ့ ပုံအတိုင်းပဲဖြစ်ပါတယ် ... ကဲ ဒါဆိုရင်တော့ Ubuntu မှာ အင်တာနက်ရ ပီပေါ့ဗျာ ဒီအဆင့်သာမလုပ်ဘူးဆိုရင်တော့ Network သုံးလို့ အင်တာနက်သုံးလို့ရမှာမဟုတ်ပါဘူး ... Ubuntu ကိုမသုံးတက်တဲ့လူတွေအတွက်ပါပဲ လက်တွဲခေါ်ခြင်းတခုပါပဲ အမှားပါရင်တော့ ကျွန်တော့်အပစ်ပေါ့ဗျာ

0 comments:

အဆင်မပြေပါက ပြောခဲ့လိုက်ပါ