Moborobo အသုံးပြုနည်း...အလွယ်နည်း
ကဲ့ မိုးနဲသားလေး ဒီဟာလေး တင်ဖို့ကြိုးစားနေတာ ကြာပါပြီ မအားလပ်နိုင်တာကြောင့် ခုမှပဲ တင်ပေးဖြစ်တော့တယ်...။ဒီဆော့ဝဲကိုတော့ သိတဲ့လူ များမှာပါ..။ဒါပေမယ့်..ခုမှ လေ့လာသူတွေ အတွက် အသုံးပြုနည်း လေး တင်ပေးလိုက်တာပါ..။ဒီကောင်လေးရှိနေရင်..မိမိဖုန်းကို ဆိုင်ကိုပို့စရာသိပ်မလိုတော့ပါဘူး...။ကိုယ်တိုင် ဂိမ်း တို့အကုန်လုံး သွင်းတတ်သွားပါလိမ့်မယ်..။
ဒုတိယ Data မှာကျတော့...ကိုယ်ဖုန်းထဲက အ၀င် ၊အထွက် ၊ စာ ၊ ဖုန်းနံပါတ် အကုန်လုံး သိမ်းထားနိုင် ဖျက်ပစ်နိုင်ပါတယ်..။ အသစ်မှတ်ချင်ရင်လဲ ရတယ်... နော်..။
ကဲ့ ဒီကောင်လေးကျတော့..နည်းနည်း...သဘောကျစရာပါပဲ...။ ဖုန်း ဆော့ဝဲတွေကို ဒီနေရာမှာ အကုန်ထိန်းချူပ်လို့ရတယ်နော်..။ User Apps ကျတော့ ကိုယ်သွင်းထားတာရယ်..၊ System Apps ကျ
တော့ စက်မှာနဂိုကတည်းက ပါလာတဲ့ ဆော့ဝဲတွေရယ်...ဒီကောင်လေး ဖြုတ်ချင်တယ်ဆိုရင်တော့
Root လုပ်ထားမှ ရမှာနော်..။ Update Apps မှာတော့..ကိုယ်ဖုန်းထဲမှာ သွင်းထားတဲ့ Apps ဗာရှင်းအသစ်
ထွက်ရင် သူဘာသာသူ ဖော်ပြလိမ့်မယ်.။ဒေါင်းလုပ်ဆွဲပြီး Install လုပ်လိုက်ယုံပဲ..။ပထမဆုံး ကိုယ်သွင်းချင်ဖြုတ်ချင်တဲ့ Apps တွေကို အမှန်ခြစ်လေး ပေးလိုက်ပါ.. ပြီးရင် အပေါ်မှာ..Install /Unstall
နှစ်ခု ရှိပါတယ်..။တစ်ခါတည်း အများကြီးသွင်းလို့ရတဲ့အတွက်...ဖုန်းထဲမှာလို တစ်ခုချင်း သွင်းဖို့ မလိုပါဘူး...။အဲ ပိုသဘောကျစရာကတော့..အောက်မှာကြည့်လိုက်ပါ
မိမိ လိုချင်တဲ့ ဂိမ်းအမျိုးအစားကို မိမိ ကွန်ပျူတာမှာ...အင်တာနက် ချိတ်ထားယုံနဲ့ ဒေါင်းလို့ရတယ်နော်..
ဒေါင်းလုပ် ဆွဲပြီးရင် Apps Library ထဲမှာ ကြည့်ပြီး Install လိုက်ယုံပဲ..အရမ်းလွယ်ပါတယ်..။ကဲ့ ဒီလောက်ဆိုရင် ဒီဆော့ဝဲ အသုံးချတတ်သွားပြီထင်ပါတယ်..။
ကျန်တဲ့ကောင်တွေက တူတူပဲနော်..။ကြိုက်ရင်ထည့် မကြိုက်ရင်ဖြုတ်..။အရမ်းအဆင်ပြေတယ်...။
link သေနေပါပီခင်ဗျာ....ပြန်တင်ပေးနိုင်ရင်တင်ပေးပါလို့...
ReplyDeleteကျေးဇူးတင်ပါတယ်...